ဒီလို မလုပ်ပါနဲ့ ကိုယ့်လူ
စိတ်ရောဂါကု ဆရာဝန်ထံ ရောက်လာသော လူနာက.... “ ဆရာ..ကျွန်တော့်ကိုယ်လုံးမှာ မိချောင်းငယ်လေးတွေ အများကြီး ကပ်နေတယ် ” ဟု ပြောပြီး သူ့ကိုယ်ပေါ်မှ မိကျောင်းငယ်လေးများကို ခွာချဟန်ပြုသည်။.......... ............. ........... .........
ထိုအခါ ဆရာဝန်မှ အလန့်တကြားနှင့် အော်သည်........
“ ဟေ့လူ ...ဟေ့လူ ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲဗျာ၊ ဘာဖြစ်လို့ ကျွန်တော့ဘက် ခွာချနေရတာလဲ၊
တော်သေးတာပေါ့ဗျာ..ကံကောင်းလို့ ကျွန်တော့်ပေါ်မရောက်တယ် ”
.............. .............. ................. ............
ကြိုတင်သတိပေးချက်
“ဟဲလို မီးသတ်ဌာနကပါလား ခင်ဗျာ”“ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”
“ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင် စိုက်ထားတာ တော်တော်လေး အေင်မြင်ပါတယ်။
တစ်နေ့ရောင်းကြေးဟာ နှစ်ရာ့ငါးဆယ် သုံးရာလောက်ရပါတယ်”
“မိတ်ဆွေ ခင်ဗျား မှားနေပြီ ဒါမီးသတ်ရုံးဗျ စိုက်ပျိုးရေးဌာနမဟုတ်ဘူး”
“ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခုကျွန်တော့်အိမ်ဘေးမှာမီးလော င်နေပါတယ်။ ခင်ဗျားတို့ မီးလာသတ်ရင်
ကျွန်တော့်စိုက်ခင်းက အပင်တွေကို နင်းမိမှာစိုးလို့ပါ”
မဆုတ်သာ မတိုးသာ အခြေအနေ
အလုပ်ရှင်က အတွင်းရေးမှူးမကို ပြောသည်။ ငါ့တို့ နိုင်ငံ့ခြားကိုတစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထား။ အတွင်းရေးမှူးမက သူ့ယောင်္ကျားထံ ဖုန်းဆက်၏။ ကျွန်မ သူဌေးနဲ့ ကျွန်မနိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ် ။ ရှင် ကိုယ့်ဘာသာကိုယ်ကြည့်နေနော် ယောကျာင်္းက သူ့တိတ်တိတ်ပုန်း ချစ်သူထံဖုန်းခေါ်သည်။ ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ် ကြာသွားရလိမ့်မယ်။ ဒါကြောင့်ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။ တိတ်တိတ်ပုန်းချစ်သူက သူမ သီးသန့် ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။ ငါ တစ်ပတ်လောက် အလုပ်လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး ကောင်လေးက သူ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး၊ ကျွန်တော့်ဆရာမ အလုပ်များနေလို့ တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီး အချိန်ဖြုန်းရအောင်။ အဘိုး(အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးကို ဖုန်းဆက်သည်။ ဒီအပတ်ငါမြေးနဲ့အချိန်ဖြုန်းရမယ်။ အဲဒီ အစည်းအဝေးကိုမတက်နိုင်တော့ဘူး။ အတွင်းရေမှူးက သူ့ယောင်္ကျားကို ဖုန်းခေါ်သည်။ ကျွန်မအလုပ်ရှင်က ဒီတစ်ပတ်ထဲ လုပ်စရာလေးတွေ ရှိတယ်။ ခရီးစဉ်ကို ဖြက်လိုက်တယ်။ ယောင်္ကျားကသူ့ တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။ ငါတို့ ဒီတစ်ပတ် အတူတူအချိန် မဖြုန်းနိုင်တော့ဘူး ။ ငါ့မိန်းမ ခရီးစဉ် ဖျက်လိုက်တယ်။ တိတ်တိတ်ပုန်းချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။ ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်း စာသင်ဖို့ရှိတယ်။ ကောင်လေးက သူ့အဘိုးထံဖုန်းဆက်သည်။ ဘိုးဘိုး ကျွန်တော့်ဆရာမက ပြောတယ်။ ကျူရှင်တက်ရမယ်တဲ့ အဘိုးနဲ့ အဖော်မလူပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။ အဘိုး (အလုပ်ရှင်)က သူ့အတွင်းရေးမှူးထံ ဖုန်းဆက်သည်။ ဘာမှ မစိုးရိမ်နဲ့။ အဲဒီ အစည်းအဝေးကို ဒီတစ်ပတ် ဒို့တက်ရလိမ့်မယ်။ ဒါကြောင့်စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်။အဲဒါကို မဆုတ်သာမတိုးသာ အခြေအနေဟု ခေါ်သည်။




.jpg)

