HIV ထက် ကြောက်စရာကောင်းသော လူတစ်စု အရေးကြီးတယ် ဖတ်ဖြစ်အောင်ဖတ်နော်

သိပ်မကြာသေးမီက အိမ်နီးနားချင်း India နိုင်ငံမှာ အဖြစ်အပျက်တစ်ခု
ဖြစ်ပွားခဲ့တယ်။ ရုပ်ရှင်ရုံတစ်ရုံတွင် အမျိုးသမီးတစ်ဦးသည်
ရုပ်ရှင်ရုံအတွင်းရှိ ထိုင်ခုံတွင် ထိုင်လိုက်သောအခါ တင်ပါးတွင် ဆူးကနဲ
နာကျင်သွားသည်။ သူမထ၍ ထိုင်ခုံကို ကြည့်လိုက်သောအခါ ထိုင်ခုံတွင်
ဆေးထိုးအပ်တစ်ချောင်း နှင့် စာတစ်စောင်ကို တွေ့ရတယ်။ စာထဲတွင်
ရေးထားသည်ကား " သင်သည် HIV ပိုးကို ကူးစက်ခံလိုက်ရပါပြီ " တဲ့။
ပြင်သစ်ပြည်ရှိ ကျန်းမာရေးဌာနတစ်ခုမှလည်း အလားတူဖြစ်ရပ်များ
ဖြစ်ပွားနေသည်ဟု ကြေငြာထားပါသည်။

ရု့ပ်ရှင် ရုံများတွင်သာမက ဘဏ်ရှိ ငွေထုတ်စက်များတွင်ပါ HIV positive
ဖြစ်သော အပ်များကို တွေ့ရှိသည်ဟု India ရှိ ကျန်းမာရေးဌာနမှ
သတင်းထုတ်ပြန်ထားသည်။ ဒါကြောင့် သူတို့ဆီမှာ ရုပ်ရှင်ရုံတွေ ငွေစက်တွေမှာ
အသုံးပြုရင် အရမ်းသတိထားဖို့ လှုံဆော်မှုတွေ ပြုလုပ်နေပါတယ်။
အိမ်နီးနာချင်း နိုင်ငံမှာ ဖြစ်နေတာဆိုတော့ သတိထားသင့်တယ်ထင်လို့
ဖော်ပြလိုက်တာပါ။ ရှင်းရှင်းပြောရရင် မြန်မာတွေက အဲဒီလောက် စိတ်မပုပ်ဘူး
ထင်တာပဲ။ ဒါပေမယ့် ရုပ်ရှင်ရုံတို့လို အလင်းရောင် မကောင်းတဲ့နေရာမှာ
ထိုင်မယ်ဆိုရင် သတိထားတာ အကောင်းဆုံးပါပဲ။ နောက်တစ်ချက်က ဒီမှာ
အမှိုက်သိမ်းတာ က စနစ်တကျမရှိတော့ အမှိုက်ပုံတို့နားကို
ဖြတ်လျောက်သွားရင် သတိထားစေချင်ပါတယ်။ ဆေးထိုးအပ်တွေ ထောင်နေတတ်တယ်။

နိုင်ငံတကာရောက်နေကြတဲ့ မြန်မာတွေလည်း သတိထားသင့်တယ်။ တစ်ကယ်လို့
အပ်ဆူးသွားရင်လည်း အရမ်းကြီးကြောက်မသွားပါနဲ့။ အပ်ဆူးတိုင်းလည်း
ပိုးမကူးတတ်ပါဘူး။ ပိုးဝင်သွားတိုင်းလည်း ဖြစ်ဖြစ်ချင်း ဆေးတစ်လ သောက်ရင်
၉၀ ရာခိုင်နှုန်း လောက် ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီတော့
အရမ်းတုန်လှုပ်ခြောက်ခြားခြင်းမျိုးလည်း ရှောင်သင့်တယ်။

မှတ်ချက်:အသိဆရာဝန်တစ်ယောက်ထံမှ ရရှိသော email အား ဘာသာပြန်ကာ
ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

သာမန်နဲ့ အစစ်အမှန်

လောကကြီးတွင်လူတစ်မျိုးရှိသည်.. ...
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။
ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင်
ကိုယ့်ဘက်မှရပ်တည်ပြီး ၀န်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင်
အားပေးတတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင်
ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။
ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင် ကြာရှည်ခိုင်မြဲ တတ်သည်။
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။


တရုတ်ဆိုက်ဒ်တွေတိုင်းမှာ တွေ့ရတတ်တဲ့ စာတပုဒ်ပါ။ မျှဝေလိုက်ပါတယ်။
သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ ဘယ်နှစ်ယောက်ရှိလဲ
.... ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ.....?

သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ဌားပေးတယ်။

သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ
ကူးထားတတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူညီမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ၀ိုင်တပုလင်း ယူလာလိမ့်မယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီး ပွဲပြီးမှ
ပြန်တတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူး အချစ်ဇာတ်ကို စပ်စုမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို
သူကိုယ်တိုင် ဖွင့်မယ်။

သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီး သူငယ်ချင်း အဖြစ်ကနေ ရပ်စဲမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ် မဖြစ်ရင်
သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။

သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။



ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ




*ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့
ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
မလွယ်လှဘူး။

ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

* *ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။

အလွန်ရုပ်ဆိုးသူနဲ့တွေ့ရင်နှုတ်ဆက်လိုက်ပါ။
ကိုယ့်ကြောင့်အားရှိလာပြီးသူပျော်ရွှင်လာရင်ကိုဟာလူတွေအတွက်အသုံးဝင်နေလိုပါ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။ *






ရေသူမ ကြည့်မလား

Mermaid has found after tsunami
Actually, this picture was taken of the coast of Terengganu in Malaysia. It was all over the papers here in the middle of last year. Some of the villagers there stumbled upon this creature.
Here's the fact what we heard or
saw in stories...
that it was featured as beautiful ladies, but... have a look now...












ခဏလောက်လွှတ်ချထားလိုက်ပါ...........


တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က
ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
ဘာဖြစ်မလဲ ဆိုတာပဲ ..'
"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
ရွှတ်နောက်နောက်ကျောင်းသားတစ်ယော
က်က "မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …

ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …

'ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
ဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down;
ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …

ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် ..





ဟာသလေးပါ ကြိုက်မယ်ထင်ပါတယ်



'' သဘာဝ လောကကြီး ကို တည်နေအောင် ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ ဓာတ်ကြီး
လေပါးကို ပြောစမ်း။''
'' မြေ-လေ-မီး...ပြီးတော့...ပြီးတော့...''
'' မင်းလက်ကို သန်ရှင်းအောင် ဘာကိုသုံးရသလဲ။''
'' ဆပ်ပြာပါ ဆရာ '' :)

၂) ရောမမြို့ကြီးတည်ဆောက်ချိန်

'' ရောမမြို့ကြီးကို ဘယ်အချိန်မှာတည်ဆောက်ခဲ့တာလဲ။''
'' ညမှာပါ''
'' ဘာလို့ ညလို့ ပြောရတာလဲ''
'' ဆရာပဲပြောတယ်လေ။ ''
'' ရောမမြို့ကြီးကို တစ်နေ့တည်း နှင့် မတည်ဆောက်နိုင်ဘူးလို့''


၃) ရူပဗေဒ

'' မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ
ကြားရတာ ဘာလို့လဲ။''
'' မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။''

၎) ဆက်သွယ်လိုလျှင်

'' ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။

အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။''

'' ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။''

၅) ကျွန်တော့်အဖေပါ

မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-

'' ကျွန်တော့်သားကိုခွင့်ပေးဖို့ ခွင့်တိုင်တာပါ။''
'' ခု ဖုန်းဆက်တာဘယ်သူလဲ''
'' ကျွန်...ကျွန်..ကျွန်တော့် အဖေပါ ဆရာကြီး။''

၆) မှန်ပေမယ့် မှားတယ်

'' စိတ္တဇနာမ် ဆိုတာဘာလဲ။''
'' မသိဘူးဆရာ။''
'' ထိလို့ကိုင်လို့ မရတဲ့အရာ အမည်ပေါ့။''
'' သိပါပြီဆရာ။ မီးဖိုပေါ်က ထမင်းအိုးပါ။''

၇) မှန်တော့မှန်ပါရဲ့

'' နာမ် ''တစ်ခုကိုပြောပါ။
'' နွား '' ပါဆရာ။
'' မှန်တယ်၊ ကဲ...နောက်တစ်ယောက်ပြောပါဦး။''
'' နောက်ထပ်နွားတစ်ကောင်ပါခင်ဗျ။''


၈) စီအေတီ

'' CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။''
'' မသိဘူးခင်ဗျ။''
'' မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။''
'' အမေထောင်ခြောက်ထောင်ပြီးဖမ်းပါတယ်။''

၉) အမေးနှင့် အမေး


'' မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။''
'' ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။''


၁၀) သတိပေးနေလို့

'' မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။''
'' လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ''
'' ကျောင်းရှိသည်ဖြေးဖြေး''တဲ့။


ဟာသလေးတွေပါ.............

ပျင်းနေမှာစိုးလို့ ရီစရာလေးတွေပို့လိုက်တယ် နော်။ အဟဲ။ *
>
>
>
>
>
> * မြိုရခက်ကြီး*
> ထမင်းဝိုင်းအနားတွင် ရပ်လျက် အန်တီမြက ဧည့်သည်များကို ပြောသည်။
> "စားကြပါနော်။ အားမနာပါနဲ့။ ဒါနဲ့ ဦးဘမောင် ကြက်သား တတိယတုံး
> ယူလိုက်ပါအုံး။ ဘယ်သူဘယ်နှစ်တုံး စားတယ်ဆိုတာ ကျွန်မ မမှတ်တတ်ပါဘူးရှင်"
> ____________________________________________________________
____________
> * တစ်ယောက်မှ မရှိပါ*
> လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။
> လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။
>
> "တစ်ယောက်ယောက်ရှိသလားဟေ့"
>
> ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။
>
> "တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"
>
> "တစ်ယောက်မှ မရှိဘူးထင်တယ်"
>
> "တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"
>
> "ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"
>
> "မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"
> _____________________________________________________________________________
> *ဗိုလ်ကြီး မသေဘူးဟေ့*
>
> ရှေ့တန်းတိုက်ပွဲ တစ်ခုတွင်ဖြစ်သည်။ ရန်သူ့စခန်းကို သိမ်းပိုက်မိသည့် အခါ
> တပ်ဖွဲ့တွင်လည်း ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရန်သူ့
> စားဖိုဆောင်ထဲတွင် ရိက္ခာ အမြောက်အမြား တွေ့ရသော အခါ တပ်သားများ
> ပျော်သွားကြသည်။ သို့သော်လည်း သူတို့ တစ်ယောက်မှ မစားကြသေးပဲ
> ဗိုလ်ကြီးကို သာလေးစားသည့် အနေဖြင့် အရင်စားခိုင်းကြသည်။
> ဗိုလ်ကြီးစားတာကို သူတို့ ထိုင်ကြည့်နေကြသည်။ စားပြီးတစ်နာရီကြာသည်အထိ
> ဘာမှ မဖြစ်တာ တွေ့ရမှ "ဗိုလ်ကြီး မသေဘူးဟေ့။ အဆိပ်တွေ မပါဘူး။
> တို့လည်းစားလို့ရပြီ" ဟု ၀မ်းသာအားရပြောကာ စားကြလေသည်။
>
> _____________________________________________________________________
> *တို့သူငယ်ချင်းလှထုံအကြောင်ြးေ**ပာရမလား.*..
>
> စာမေးပွဲနီးတော့ အိပ်ရေးပျက်ပြီး မူးလို့ ဆရာဝန်ကိုသွားပြပါတယ်..။
> ဆရာဝန်က လက်မောင်းမှာ
> အဝတ်ပတ်.. ရာဘာလုံးလေးကို တရှူးရှူးညှစ်ပြီး (သွေးချိန်တာပါ)
> အပေါ်သွေး..... လို့ပြောရုံရှိသေး..လူနာကုတင်ပေါ်က လူးလဲထပြီး အောက်သွေး
> မတိုင်းတော့ဘူးလို့ ဆိုပါတယ်...။
> (သူထင်သွားတာက အောက်သွေးတိုင်းရင် သူ့ပေါင်ကို
> အဝတ်နဲ့ ပတ်မယ်ထင်တာ၊ အပေါ်သွေးတိုင်းတုံးက လက်မောင်းကိုပတ်ထားတာကိုး....)
> ____________________________________________________________________________
> *ချွေတာတဲ့ ကိုချူချာ*
>
> ကိုချူချာ အလုပ်မှ ပြန်လာသည်။ ရောက်ရောက်ချင်း မီးဖိုချောင်ဘက်သွားပြီး
> ရေခဲသေတ္တာကို ဖွင့်သည်။ ချက်ချင်းဆောင့်ပိတ်သည်။ ထို့နောက် မိန်းမကို
> လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ တုန်လှုပ်ချောက်ချားသွားသည်။ ဘာကြောင့်
> ရိုက်ပါလိမ့် စဉ်းစားသည်။ အင်း ရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ နေမှာပဲ။
>
> နောက်နေ့ ကိုချူချာ အလုပ်သွားသောအခါ မိန်းမသည် ဆိုင်သို့ပြေးပြီး
> ဖွယ်ဖွယ်ရာရာတွေ ၀ယ်သည်။ ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ဖြည့်ထားသည်။
> ညနေရောက်သော် ကိုချူချာ ပြန်လာသည်။ မနေ့က အတိုင်း မီးဖိုထဲဝင်ပြီး
> ရေခဲသေတ္တာ ကိုဖွင့်သည်။ ချက်ချင်ပြန်ပိတ်ပြီး မိန်းမကို လက်သီးစာ
> ကျွေးသည်။ ရှိုက်ကြီးတငင်ငိုရင်း မိန်းမဖြစ်သူ စဉ်းစားသည်။ ဘီယာမရှိလား
> လို့များလား။
>
> မနက် ကိုချူချာ ထွက်သွားသွားချင်း ဘီယာ ပြေးဝယ်သည်။ ရေခဲသေတ္တာ ထဲ
> ထည့်သည်။ ဘီယာအေးအေးလေး သောက်လိုက်ရရင် သူရန်မရှာတန်ကောင်းရဲ့ ဟုတွေးသည်။
>
> ကိုချူချာပြန်လာသည်။ မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။
> မိန်းမဖြစ်သူ ရင်တမမနှင့်စောင့်သည်။ ရေခဲသေတ္တာ ဆောင့်ပိတ်သံ ကြားရသည်။
> ကိုချူချာ အခန်းထဲ ၀င်လာပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ
> မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။
>
> "ရှင်ဘာဖြစ်လို့ ကျွန်မ ကိုရိုက်ရတာလဲ"
> "မင်းရေခဲသေတ္တာထဲက မီးကို ဘယ်တော့ ပိတ်မလဲကွ ဟေ"
> __________________________________________________________________________-
> *နေရာကောင်း*
>
> ကိုချူချာ သစ်ပင်ပေါ် တွယ်တက်သည်။ ဖြတ်သွားသူက မေးသည်။
> "ဟေ့လူ၊ ဘာတက်လုပ်မှာလဲ"
> "သရက်သီးစားမလို့"
> "ခင်ဗျား ရူးနေသလား၊ ဒါ မန်ကျည်းပင်ပဲဟာ"
> "ကျွန်တော့် အိပ်ထောင်ထဲမှာ သရက်သီးပါတယ်ဗျ"
> ______________________________________________________________
> *တွေ့ရင်ပြောမယ်*
>
> ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့
> အတင်းဆွဲခေါ်လာသည်။
>
> ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။
>
> "ပိုက်ဆံရှိသလား"
> "မရှိဘူး"
>
> ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ်
> ပိုကြာအောင်ထားလိုက်သည်။ ထို့နောက် ပြန်ဖော်ပြီးမေးသည်။
>
> "ရွှေကောရှိသလား"
> "မရှိဘူး"
>
> "ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကို
> ရေထဲနှစ်လိုက်ပြန်သည်။ ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။
>
> "ပိုက်ဆံမရှိဘူး ဟုတ်လား"
> "ဟုတ်တယ် မရှိဘူး"
> "ရွှေလည်းမရှိဘူး ဟုတ်လား"
> "ဟုတ်တယ် မရှိဘူး"
> "အဲဒါဆို ဘာရှိလဲပြော"
>
> "ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊
> တွေ့ရင်ပြောပါ့မယ်။"
 
Home | Gallery | Tutorials | Freebies | About Us | Contact Us

Copyright © 2009 HTARWARANAY.blogspot.com |Designed by Templatemo |Converted to blogger by BloggerThemes.Net

Usage Rights

DesignBlog BloggerTheme comes under a Creative Commons License.This template is free of charge to create a personal blog.You can make changes to the templates to suit your needs.But You must keep the footer links Intact.